testing
Saturday, 26 January 2008
မြန်မာ ပြည်သူများအားလုံး အထူး သတိထားရန်
မြန်မာ ပြည်သူများအားလုံး အထူး သတိထားရန်
နအဖမှ လောင်စာဆီသွင်းခွင့် ပါမစ်များကို ပုဂ္ဂလိက လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့် ပေးရန် စဉ်းစားနေကြခြင်း .......
၂၀၀၇ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှာ ပြည်သူတွေအတွက် သတင်းဆိုး တစ်ခုကို ကြားခဲ့ရတာကတော့ လောင်စာဆီဈေး အဆ မတန် ထိုးတတ်သွားခြင်းပါပဲ။ စွမ်းအင် ၀န်ကြီးဌာနက နှစ်စဉ် ဒေါ်လာသန်းချီ အရှုံးပေါ်နေတဲ့ လောင်စာဆီ ပြဿနာကို ဘယ်လိုမှ မကိုင်တွယ်နိုင်တော့တာကြောင့် အခုလို ဖြစ်သွားခဲ့ရတာပါ။
အားလုံးသိပြီးတဲ့ အတိုင်းပါပဲ၊ အဲဒီ နောက်ဆက်တွဲ အဖြစ် စက်တင်ဘာတော်လှန်ရေးအပါအ၀င် အခု အချိန်အထိ အစစ၊ အရာရာ ပြည်သူလူထု ပိုမိုကျပ်တည်းလာကြပါတယ်။ ဒါပေမယ့် စွမ်းအင် ၀န်ကြီး ဌာနရဲ့ အရှုံးပေါ်နေမှု ပြဿနာက မပြေလည်သေးပါဘူး။
ဒီတော့ စီးပွားရေး ကျပ်တည်းလာတဲ့ နအဖ ဘာတွေ လုပ်ဖို့ ကြံနေပါသလဲ။ ကျောက်မြတ်တွေ ထုတ်ရောင်းတယ်။ မပြေလည်သေးပါဘူး။ ရွှေဝါရောင် တော်လှန်ရေးကြောင့် စီးပွားရေး ပိုပိတ်ခံရလို့ ပိုပြီး ဒုက္ခနဲ့ ရင်ဆိုင်နေရပါတယ်။ လုံခြုံရေး စရိတ်တွေ အခြားနှစ်တွေထက် ပိုသုံးလိုက်ရပါတယ်။ ရလဒ်က ပိုပြီး ငွေကြေးကျပ်တည်းတဲ့ ပြဿနာကို ကြုံနေရပါတယ်။
အင်အား မတရားကြီးလာတဲ့ စစ်တပ်နဲ့ မိမိမှားယွင်းတဲ့ စီမံ ခန့်ခွဲမှုတွေကို အဓိက ငွေယိုပေါက်လို့ မမြင်ဘဲ လောင်စာဆီအရှုံးပေါ်တာ အဓိက ငွေယိုပေါက်လို့ မြင်နေတဲ့ စစ်ဗိုလ်ချုပ်တွေဟာ အခုဆိုရင် လောင်စာဆီတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို သွင်းခွင့်ပေးဖို့ စဉ်းစား ကြံစ နေကြောင်း ခိုင်လုံသော သတင်းရရှိထားပါသည်။
တကယ်တမ်း ပုဂ္ဂလိက တွေကို သွင်းခွင့် ပါမစ် ချပေးခဲ့ရင်တော့ အသေချာဆုံး တစ်ခုက လောင်စာဆီဈေး ထိုးတတ်လာမှာ ပါပဲ။ လောင်စာဆီဈေးတွေ ထပ်မံတိုးမြှင့်လာတာနဲ့ မြန်မာပြည်တွင်းက ပြည်သူတွေ စားဝတ်နေရေး ပိုမိုပြီး ဒုက္ခရောက်လာတော့မယ် ဆိုတာကို ပြည်သူတွေကို ဒုက္ခ မရောက်ခင် ကြိုတင် ပြင်ဆင်ပြီး သတိနဲ့ စုဆောင်းနေထိုင်နိုင်ကြရန် သတိပေး အပ်ပါသည်ခင်ဗျာ။
နအဖကိုလည်း ဒီနေရာက ပြောချင်တာကတော့ ပုဂ္ဂလိက ပေးလိုက်လို့ လောင်စာဆီဈေးတွေ တတ်လာရတာ၊ ၀ိသမလောဘ သမားတွေကြောင့် ဆီဈေးတတ်လာရတာလို့ သတင်းစာကနေ (သို့) ပြန်ကြားရေး ကျော်ဆန်း သတင်းစာ ရှင်းလင်းပွဲမှာ ပေါက်တတ်ကရ မဆင်မချင် စွပ်ဆွဲချက်တွေ ထွက်မလာခင် နအဖ ကိုယ်တိုင် မှားယွင်းတဲ့ စီးပွားရေး စီမံခန့်ခွဲမှုကြောင့် ဖြစ်ရတာလို့ ကျွန်တော် ဒီနေ့ ဒီနေရာကနေ ကြိုတင် ပြောဆို သတိပေးထားလိုပါတယ်။
အလားတူပဲ ပြည်သူတွေ မွဲလာတာကြောင့် ဒုစရိုက်လုယက်မှုတွေ များလာနိုင်သဖြင့်လည်း သွားတာလာတာ၊ အစစ အရာရာ သတိထားဖို့ကို ကြိုတင် သတိပေးအပ်ပါသည် ခင်ဗျာ။